Main menu

ပြည်မြို့နယ်၊ စင်္ကြန်တောင် ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွင် စားသုံးသူ အသိပညာပေးခြင်းနှင့် ကျောင်းမုန့်ဈေးတန်း စစ်ဆေးခြင်းတို့ဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ စင်္ကြန်တောင် ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွင် (၁၈.၉.၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ပြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းနိုင်လင်းမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင်၊ စားသုံးသူရေးရာနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ အငယ်တန်းစာရေး ဒေါ်သက်ယမုံဖူးက စားသုံးသူရေးရာဦးစီးဌာနမှ ပြဌာန်းထားသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်၏အဓိပ္ပါယ် ၊ ဝန်ဆောင်မှု၏အဓိပ္ပါယ် ၊ စားသုံးသူများသိရှိရမည့် အခွင့်အရေးနှင့် လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်စည်များ ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့် ကုန်အညွှန်း အမှတ်အသားဖေါ်ပြချက်ဆိုင်ရာ အချက်များအကြောင်းစသည်များကို မူလတန်းအရွယ်နှင့် လိုက်၍ ဥပမာများဖြင့်အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းရှိ ဆရာ/ဆရာမများအားလုံးနှင့် မုန့်ဈေးတန်းရောင်းချသူများကို အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကာ ကျောင်းသူ/ ကျောင်းသားနှင့် ဆရာ/ဆရာမများ စုစုပေါင်း (၁၈၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    ဆက်လက်၍ စင်္ကြန်တောင် ဘုန်းတော်ကြီးသင်စာသင်ကျောင်း မုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသောမုန့်များတွင် သက်ဆိုင်ရာဌာနများမှ စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော အစားအသောက်များ၊ သက်တမ်းလွန်မုန့်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြချက်နှင့် ကိုက်ညီမှုရှိသော ကုန်စည်များရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး ရောင်းချသူများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိသော ကုန်စည်များကိုသာ ရောင်းချကြရန် အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)