Main menu

ပြည်ခရိုင်အတွင်း ကလေးအာဟာရ ဖေါ်စပ်ဖြည့်စွက်စာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ ပြည်သူတို့အနေဖြင့် စားသုံးသူပြည်သူများ ကုန်စည်နှင့် ဝန်ဆောင်မှုများကိုရယူ အသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်စေရေး ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသော ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုးတို့၏ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ မှန်ကန်မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိရာ (၈.၉.၂၀၂၃)နေ့တွင် ပြည်မြို့၊ မြို့ပေါ်ဆေးဆိုင်သို့လည်းကောင်း၊ (၆.၉.၂၀၂၃)နေ့တွင် ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်၊ ကုန်စုံဆိုင်၊ (၈.၉.၂၀၂၃)နေ့တွင် ယွန်းတန်းရပ်ကွက်၊ ကုန်စုံဆိုင်၊ (၁၁.၉.၂၀၂၃) နေ့တွင် သရက်တောရပ်ကွက်၊ ကုန်စုံဆိုင်နှင့် (၁၄.၉.၂၀၂၃)နေ့တွင် စက်ရုံနယ်မြေစံပြရပ်ကွက် ကုန်စုံဆိုင်များသို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် (၅.၉.၂၀၂၃)နေ့တွင် ဥသျှစ်ပင်ဒေသရှိ ဆေးဆိုင်သို့လည်းကောင်း၊ (၁၅.၉.၂၀၂၃)နေ့တွင် ပေါက်ခေါင်းမြို့ပေါ် စတိုးဆိုင်များသို့ လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ခံများဦးဆောင်၍ ပူးပေါင်းအဖွဲ့ဖြင့်  ဝန်ထမ်းများသည် ကွင်းဆင်း သွားရောက်၍ ကလေးအာဟာရဖေါ်စပ် ဖြည့်စွက်စာအမျိုးမျိုးတို့၏ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

   ယင်းသို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာတွင် ပြည်ခရိုင်အတွင်း ဈေးကွက်များတွင် ရောင်းချနေသော ကလေးအာဟာရဖေါ်စပ် ဖြည့်စွက်စာအမျိုးမျိုးတို့၏ ကုန်အညွှန်း အမှတ်အသားရေးသားဖေါ်ပြခြင်းများ ပြည့်စုံမှန်ကန်မှုရှိကြောင်း၊ ရောင်းချနေသော လုပ်ငန်းရှင်များအားလည်း စားသုံးသူအသိပညာပေးဟောပြော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များလည်း ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)