နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ကြက်ခက်ဝါးရုံအုပ်စု ကြက်ခက်ဝါးရုံကျေးရွာ အခြေခံပညာ(အ.လ.က)ကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ (၁၅.၉.၂၀၂၃) ရက်နေ့တွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၀၅ ) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေမှ စားသုံးသူကာကွယ်ပေးရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် အခန်း (၁၈)ပါ ကုန်ညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရန်နှင့် စားသုံးသူများ နစ်နာမှုရှိပါက စားသုံးသူများမှ တိုင်ကြားနိုင်သည့်နည်းလမ်းများ အနာဂတ်တွင် ကျန်းမာပျော်ရွင်စွာ နေထိုင်သွားနိုင်ရေးအတွက် ဓာတုဆိုးဆေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့ဝါမြင့်မှ စာဖတ်နည်း (၃)မျိုးအကြောင်း အကျယ်တဝင့် ရှင်းလင်း ဟောပြောခဲ့ပါသည်။
DOCA(ပဲခူး)