Main menu

ဘားအံမြို့၊ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

 စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင်နှင့် ဝန်ထမ်းများ၊ FDA၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍  (၁၉-၉-၂၀၂၃) ရက်နေ့တွင် ဘားအံမြို့ရှိ ကုန်တိုက်(၂)ခု၊ ဆေးဆိုင်(၃)ဆိုင်၊ လက်လီ/ လက်ကားအရောင်းဆိုင် (၄)ဆိုင်တို့တွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

 ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာ ဘားအံမြို့ရှိ ကုန်တိုက်(၂)ခု၊ ဆေးဆိုင်(၃)ဆိုင်၊ လက်လီ/ လက်ကားအရောင်းဆိုင်(၄)ဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကလေးအာစာရဖြည့်စွက်အမျိုးမျိုးဖြစ်သော( Similac ၊ Pedia Sure ၊ Gaullac ၊ Humana ၊ Dupro ၊ Gold Power ၊ LACTOGEN ၊ Golden Cow) အမှတ်တံဆိပ်တို့ကို စိစစ်ရာတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိရပါသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အချက်များ၊ မြန်မာဘာသာဖြင့် မဖြစ်မနေ ဖော်ပြရမည့်အချက်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့ကိုပါ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)