Main menu

ဗန်းမော်မြို့၌ ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ  ဒေါ်နှောင်းနှောင်းဝင်း (ဒု-ဦးစီးမှူး)သည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အသေးစား စက်မှုလက်မှုဦးစီးဌာနတို့နှင့် ပူးပေါင်း၍( ၁၂.၉.၂၀၂၃ )ရက်နေ့တွင်ဗန်းမော်မြို့ရှိ ဆေးပစ္စည်းအရောင်းဆိုင်နှင့် စတိုးဆိုင်(၆)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသော ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာ အမျိုးမျိုးပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ ကလေးအာဟာရဖော်စပ်ဖြည့်စွက်စာအမျိုးမျိုး၏ ကုန်အညွှန်းအမှတ်အသားဖော်ပြရာ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များ ပြည့်စုံစွာ ဖော်ပြထားရှိမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များ ဖော်ပြထားမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းနှင့် စပ်လျဥ်း၍ဖေါ်ပြရမည့်အချက်များ၊ တားမြစ်ချက်များ ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကိုပါ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)