ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် ၁၁.၉.၂၀၂၃ရက်နေ့တွင် ဗန်းမော်မြို့ ဆန်၊စပါး ကုန်သည်များအသင်းရုံးတွင် ဆန်၊ပဲ၊ပြောင်း၊နှမ်းရောင်းဝယ်သည့်စီးပွားရေးလုပ်ငန်းရှင်(၁၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။
ထိုသို့ ဟောပြောဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပေါ်ပေါက်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ ၊ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊စီးပွားရေးလုပ်ငန်းရှင်များ၏ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ ဖေါ်ပြရမည့်အာမခံချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်လင်းပြောကြားဆွေးနွေးခဲ့ပါသည်။ထို့နောက် ဆန်၊ပဲ၊ပြောင်း၊နှမ်းရောင်းဝယ်သည့်စီပွားရေးလုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(ကချင်)