Main menu

မကွေးတိုင်းဒေသကြီး၊ Thursday Talk အသိပညာပေး ဟောပြောဆွေးနွေးပွဲ(၈/၂၀၂၃) ကျင်းပ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၂၁.၉.၂၀၂၃)ရက်နေ့ ၊နေလယ် (၁၃:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု Thursday Talk အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဒေါ်အေးအေးမိုးက အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ထမ်းတစ်ဦးချင်း စွမ်းဆောင်ရည် မြင့်တက်စေရေးအတွက် Thursday Talk အသိပညာပေးသင်တန်းများ ကျင်းပရခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် သေချာစွာလေ့လာမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(ဦးစီးမှူး)က ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဥပဒေအကြောင်းကိုလည်းကောင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ စီမံရေးရာဌာနခွဲ၊ စီမံ(ထွေ)ဌာနစိတ်မှ ဒေါ်ရွှေရည်ဝင်း(ဒု-ဦးစီးမှူး)က ငှားရမ်းခြင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ စီမံရေးရာဌာနခွဲ၊ စီမံ(ဝန်ထမ်း)ဌာနစိတ်မှ ဒေါ်စန်းစန်းအေး(ဒု-ဦးစီးမှူး)က ထောက်ပံ့ကိစ္စဆိုင်ရာသိကောင်းစရာများအကြောင်း ကိုလည်းကောင်း၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်စုစုမွန်(ဒု-ဦးစီးမှူး)က  စစ်ဆေးရေးအရာရှိ၏လုပ်ငန်း တာဝန်များအကြောင်းကိုလည်းကောင်း Power Point များဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး တက်ရောက် လာသည့်ဝန်ထမ်းများက သိရှိလိုသည်များကိုမေးမြန်းမှုအပေါ် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး နေ့လယ် (၁၅း၃၀)နာရီအချိန်တွင် ဟောပြောဆွေးနွေးပွဲ ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးများနှင့် ဌာနတာဝန်ခံများ၊ အရာထမ်း/အမှုထမ်းများ စုစုပေါင်း(၃၃)ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။  

DOCA(မကွေး)