Main menu

ပန်းတနော်မြို့တွင်း ရောင်းချနေသော စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့မဈေးနှင့် မြို့ပေါ်များရှိ စတိုးဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ  ကုန်စည်များ၌ ကုန်အညွှန်းအမှတ် ပြည့်စုံစွာပါရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၂၀.၉.၂၀၂၃) ရက်နေ့၊ နံနက်  (၀၉:၃၀) နာရီခွဲအချိန်တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် မိတ်ဖက်ဌာနများမှ တာဝန်ရှိသူများနှင့်အတူ ပန်းတနော်ဈေးကွက်အတွင်းရှိ ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil) နှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်ကိုတိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်နှင့် အရွယ်အစား၊ အသားတင်ပမာဏတို့အား ဖော်ပြရန်လိုအပ်ခြင်းနှင့် ၎င်းကုန်အညွှန်းအမှတ်အသားဖော်ပြချက်တို့နှင့်ကိုက်ညီသော စားသုံးဆီများကိုသာ ရောင်းချစေရေး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်တို့အား အသိပေးရှင်းလင်းပြောကြားခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)