Main menu

မအူပင်မြို့တွင်း ရောင်းချနေသော စားသုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ် မင်္ဂလာဈေး၊ အခွန်လွတ်ဈေး၊ စတိုးဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ  ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို (၂၀.၉.၂၀၂၃) ရက်နေ့ ၊နံနက်  (၀၉:၃၀) နာရီအချိန်တွင် စစ်ဆေးခဲ့ကြောင်း သိရသည်။

   အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် မိတ်ဖက်ဌာနများမှ တာဝန်ရှိသူများနှင့်အတူ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျင်း၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ စီးပွားရေလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများအား အသိပညာပေးခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း၊ တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ MSME   စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး၊ နေ့စဉ်၊ အပတ်စဉ် ၊ လစဉ်ဆောင်ရွက်လျက်ရှိပြီး လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို မိတ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)