Main menu

စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မုံရွာမြို့၌ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှု လုံခြုံစိတ်ချရမှုရှိစေရေး စားသုံးသူကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးဆောင်၍ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှု လုံခြုံစိတ်ချ ရမှုရှိစေရေးအတွက် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာကော်မတီဥက္ကဌ၊ ကော်မတီအဖွဲ့ဝင်များ၊ မိတ်ဖက်ဌာနများ၊ SRCCI မှတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၈၀)ဦးတက် ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီဥက္ကဌ  စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်းက တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးဦးစီးမှူး(ကိုယ်စား) ခေတ္တတိုင်းဒေသကြီးဦးစီးမှူးက စားသုံးသူကာကွယ်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

    ဆက်လက်၍ တိုင်းဒေသကြီးဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် တာဝန်ယူပူးပေါင်းဆောင်ရွက်ကြမည့် အခြေအနေများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်သူက ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှုလုပ်ငန်းများအပေါ် ထိန်းကျောင်းဆောင်ရွက်နေမှုအားလည်းကောင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဆွေမြင့်က စည်ပင်သာယာရေးဥပဒေအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ အစားအသောက်နှင့် ‌ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိထွန်းက အစားအသောက်နှင့် ဆေးဝါးအလှကုန်များနှင့် ပတ်သက်၍  စားသုံးသူများဘေးကင်းလုံခြုံမှုဆိုင်ရာ အစီမံများအားလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်‌အေးမြင့်ငြိမ်းက စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ အသီးသီးPower Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

     ထို့နောက် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အထွေထွေဆွေးနွေးမြန်းခြင်းအပေါ် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တတိုင်းဒေသကြီးဦးစီးမှူးက အလုပ်ရုံဆွေးနွေးပွဲမှ မေးမြန်းမှုများ၊ဖော်ထုတ်ချက်များနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး၊ စားသုံးသူရေးရာ ကော်မတီဥက္ကဌက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)