စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၃ ခု နှစ်၊ စက်တင်ဘာလတတိယပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို အေလာမြို့နယ်၊ (အေလာ) အခြေခံပညာအထက်တန်းကျောင်း၌ (၂၂-၉-၂၀၂၃) ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ကြီးက အဖွင့်အမှာ စကားပြောကြားပြီး နေပြည်တော်ခရိုင်ဦးစီးမှူးရုံးမှ ဦးစိန်ဝင်း၊ (ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူကာကွယ်ရေး ဥပဒေပေါပေါက်လာပုံ၊ ဥပဒေတွင်ပါဝင်သော စားသုံးသူအဓိပ္ပါယ်နှင့် စားသုံးသူအခွင့်အရေး၊ တာဝန်များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး ဦးဝင်းသွင်၊ ရုံးအုပ်က စားသုံးသူများ နစ်နာဆုံးရှုံးမှုများနှင့် ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သော ဖုန်းနံပါတ်များ၊ Call Center ဖုန်းနံပါတ်နှင့် Website လိပ်စာတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ကျောင်းသား/သူ၊ ဆရာ/ဆရာမ စုစုပေါင်း(၃၂၀)ဦးခန့် တက်ရောက်ခဲ့ပြီး ဟောပြောပွဲကို နေ့လယ်(၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(နေပြည်တော်)