စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်စက်တင်ဘာလ(၇)ရက်နေ့ နံနက် (၀၈:၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင် (၈) ဆိုင် အား ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ ဒုတိယ ဦးစီးမှူး ဦးအောင်ရာဇာဖြိုး၊ ကျွန်းလှမြို့မရဲစခန်းမှ ဒုရဲအုပ် ယုဝေမင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးသိန်းထွန်း (ဥယျာဉ်မှူး)နှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံ (အကြီးတန်းစာရေး) ဒေါ်ဝေဝေအောင် တို့မှ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ ဆေးဆိုင်များနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချသည့် ကလေးအာဟာရဖြည့်စွက် စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ရာတွင် မြန်မာနိုင်ငံစာသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန် ထာသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ဖြင့် ထုတ်ပြန်ထားသော “ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခု(သို့မဟုတ်) တစ်ခုထက်ပို၍ ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်” တွင် ပါရှိရမည့် ကုန်အညွှန်း အမှတ် အသားဆိုင်ရာ လိုက်နာရမည့်အချက်များနှင့် ကုန်ပစ္စည်း အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး နှင့် ကြိုတင်သတိပေးချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ် သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကိုလည်း ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း ၊ ကလေး အဟာရဖြည့်စွက်စာအမျိုးမျိုးကို ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူဝယ်ယူသုံးစွဲနိုင်ပြီး စားသုံးသူ အများစုက ယခုလက်ရှိတွင်လည်း ဝယ်ယူအသုံးပြုမှုများနေသော ကုန်စည်ဖြစ်ပြီး ကလေးအာဟာရဖြည့်စွက် စာအမျိုးမျိုးသည် ဘေးကင်းလုံခြုံစိတ်ချရမှုမရှိပါက ကလေးငယ်များကို ကြီးမာသော ဘေးအန္တရာယ် ဖြစ်စေနိုင်ခြင်း၊ မိခင်နို့ရည်(သို့မဟုတ်)မိခင်နို့ရည်အစားထိုးအစာဖြစ်သဖြင့် အဟာရပြည့်ဝစွာ မရရှိနိုင်သည့် ကလေးငယ်များအတွက် ထုတ်လုပ်ထားသည့် ကလေးအဟာရဖြည့်စွက်စာများတွင် အသက်ပိုင်းအခြား တိကျစွာဖော်ပြထားခြင်းမရှိပါက ကလေးငယ်များတွင် အန္တရာယ်ဖြစ်စေနိုင်ခြင်း ၊ ဖျော်စပ်သုံးစွဲရန်အညွှန်း ကိုလည်း မြန်မာဘာသာဖြင့် တိကျစွာဖော်ပြထားခြင်းမရှိသည့် ကုန်စည်များကြောင့် ကလေးငယ်များတွင် ကျန်းမာရေးထိခိုက်မှုများ ဖြစ်ပွားစေနိုင်ခြင်းတို့ကြောင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြခြင်း ရှိ/ မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်စည်များ ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိရပါက စားသုံးသူကာကွယ်ရေး ဥပဒအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း နှင့် စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ် များအကြောင်းတို့ကို အသိပေးပြောကြားခဲ့ပြီး စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)