Main menu

စားသုံးသူရေးရာဦးစီးဌာန (ဘီးလင်း)နှင့် မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနတို့ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ

Powered by Drupal

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၂၀.၉.၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ဦးအောင်သွင်ထူး၊ မြို့နယ်အခွန်ဦးစီးမှူးမှ စားသောက်ဆိုင်၊ ဟိုတယ်၊ တည်းခိုခန်း၊ ရွှေဆိုင်နှင့် ဟန်းဆက်အပိုပစ္စည်းအရောင်း လုပ်ငန်းရှင်များအား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရေးဆောင်ရွက်ရန်ကိစ္စအား ဆွေးနွေးပြီးနောက်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံရုံးမှ ဦးညီလွင်အေး၊ ဒု-ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ရောင်းချခြင်းနှင့်ပတ်သက်၍ တားမြစ်ချက်များအကြောင်းနှင့် ထိုတားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များကို ဟောပြောဆွေးနွေးပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးအပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောဆွေးနွေးပွဲသို့ သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းရှင် (၁၁) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)