Main menu

ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် Thursday Talk ကျင်းပပြုလုပ်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ အစည်းအဝေးခန်းမတွင် ၂၁.၉.၂၀၂၃ ရက်နေ့ ၊ နံနက် (၁၀:၁၅) နာရီတွင် ကျင်းပပြုလုပ်သည့် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေးဟောပြောပွဲ ဆွေးနွေးခြင်း (၉/၂၀၂၃) Thursday Talk ကျင်းပပြုလုပ်ခဲ့ပါသည်။

     Thursday Talk ဟောပြောပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ၊ စီမံရေးရာဌာနခွဲ ဒေါ်ဝတ်ရည်ဝင်း ၊ ဒု-ဦးစီးမှူးသည် ၎င်း၏ လုပ်ငန်း တာဝန်များဖြစ်သည့် စီမံရေးရာဌာနခွဲဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံဝန်ထမ်း ဥပဒေ ၊ နည်းဥပဒေ အခန်း (၂၄) ဝန်ထမ်းမှတ်စုစာအုပ် ထိန်းသိမ်းခြင်းတွင် ပါဝင်သည့် အပိုင်း (၃) ပိုင်းဖြစ်သည့် ဝန်ထမ်း ကိုယ်တိုင် ဆောင်ရွက်ရမည့် အပိုင်း ၊ ဝန်ထမ်းနှင့် ဌာန ပေါင်းစပ်ဆောင်ရွက်ရမည့်အပိုင်း နှင့် ဌာနမှ ဆောင်ရွက်ရမည့် အပိုင်းတို့နှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေး ပြောကြားခဲ့ ကြောင်း သတင်းရရှိရပါသည်။

DOCA(ဧရာဝတီ)