Main menu

ပန်းတနော်မြို့ မြသိန်းတန်(၂) ဆန်စက်အား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဆန်စက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ပန်းတနော်မြို့နယ် ရှိ မြသိန်းတန်(၂) ဆန်စက်သို့သွားရောက်၍ ဆန်စက် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး MSMEsလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂၁.၉.၂၀၂၃) ရက်နေ့နံနက်  (၁၀:၀၀) နာရီခွဲအချိန်တွင် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

      ဆန်စက်ပိုင်ရှင် ဦးအေးစိုးမင်းနှင့်တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ဆောင်ရွက်ထားနိုင်ရေးတို့အပြင်၊ ပန်းတနော်မြို့နယ်၏ ဆန်၊စပါး ဈေးကွက်အခြေအနေ၊  ဆန်တင်ပို့နိုင်ရောင်းချမှုအခြေအနေများနှင့် ဆန်စပါးလုပ်ငန်း၏ ဖွံ့ဖြိုးတိုးတက်မှု အလာအလားကောင်းများကို အကျယ်တဝင့် ဆွေးနွေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရ ရှိပါသည်။

DOCA(ဧရာဝတီ)