Main menu

၂၀၂၃ ခုနှစ် မိုးစပါးစီမံကိန်းအတွက် ဒုတိယအကြိမ် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကျင်းပ

Powered by Drupal

          နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ (၈၆) ဘီလီယံဖြင့် ဆောင်ရွက်သည့် ၂၀၂၃ ခုနှစ် မိုးစပါးစီမံကိန်းအတွက် တိုင်းဒေသကြီးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့် ဝယ်ယူကြိတ်ခွဲသူ အစုအဖွဲ့များအကြား စာချုပ်ချုပ်ဆိုပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်းရှိ ဧရာရွှေဝါခန်းမ၌ ၂၄.၉.၂၀၂၃ ရက်နေ့တွင် ကျင်းပခဲ့ပါသည်၊၊

     အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တိုင်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့များ စုစုပေါင်း (၆၇) ဦး တက်ရောက်ခဲ့ပါသည်၊၊ တိုင်းဒေသကြီးလုပ်ငန်းကြပ်မှုကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးစိန်မောင်မြင့်က ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များနှင့် ဝယ်ယူကြိတ်ခွဲသူအစုအဖွဲ့တို့သည် စိုက်ဧက (၁၂၀၀၀၀) ကျော်အတွက် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)