Main menu

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် အမှတ်(၁၀) တာကိုင်းရပ်ကွက်တွင် အခြေခံစားသောက်ကုန်များ ရောင်းချပေးလျက်ရှိ

Powered by Drupal

      စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ပုသိမ်မြို့နယ် အမှတ်(၁၀) တာကိုင်းရပ်ကွက်တွင် ၂၆.၉.၂၀၂၃ ရက်နေ့ နံနက်ပိုင်းတွင် အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ဆားနှင့် ငါးခေါင်းပွငါးများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မှ ဦးဆောင်၍ ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၅၅၀) အတွက် ဆန်ကုန်သည်များအသင်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆားလုပ်ငန်းဦးစီးဌာနပူပေါင်းပါဝင်၍  ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်ဖြင့် အိတ်ရေ ၃၀ ကိုလည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာ ၄၈၀၀ ကျပ်ဖြင့် ပိဿာ (၅၅၀)ကိုလည်းကောင်း၊ ငါးခေါင်းပွ ၃၀ကျပ်သား တစ်ထုတ်လျှင် ၁၈၀၀ဖြင့် ပိဿာ ၃၀ကိုလည်းကောင်း ၊ ဆားတစ်ပိဿာ ၃၀၀ ကျပ်ဈေးဖြင့် (၇၅) ပိဿာ ကိုလည်းကောင်း ရောင်းချပေးခဲ့ပါသည်၊၊

      ထိုသို့ရောင်းချခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်တာဝန်ခံတို့မှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်၊၊

DOCA(ဧရာဝတီ)