Main menu

ပုဏ္ဏားကျွန်းမြို့နယ်တွင်စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show ကျင်းပပြုလုပ်ခြင်း

Powered by Drupal

     ရခိုင်ပြည်နယ်၊  စားသုံးသူရေးရာဦးစီးဌာန၊ ပုဏ္ဏားကျွန်းမြို့နယ်တာဝန်ခံ ဦးလှမောင်အေး (ဒု-ဦးစီးမှူး)သည်   ၂၀၂၃ ခုနှစ်   ၊  စက်တင်ဘာလ  (၂၂)  ရက် ၊  နေ့လယ် (၁၃:၀၀) နာရီအချိန်တွင်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍  စားသုံးသူကာကွယ်ရေး    (TalkShow) အစီအစဉ်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community  Center) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ   ဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးအောင်ဆွေ(ဦးစီးအရာရှိ)က အဖွင့်အမှာစကားပြောကြားပြီး ၊ ပုဏ္ဏားကျွန်းမြို့နယ်တာဝန်ခံ ဦးလှမောင်အေးက  စားသုံးသူကာကွယ်ရေးဥပဒေ၊နည်းဥပဒေများ ပြဌာန်းထားရှိမှုအကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)၊ပုဒ်မ(၄၁) ပါစီးပွားရေးလုပ်ငန်းရှင်သည်ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်များ၊ ပုဒ်မ(၄၂)ပါ မည့်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်စည်တွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သိပ္ပံနည်းကျသုတေသနပြုဆောင်ရွက်ချက်နှင့် ကျန်းမာရေးအာဟာရဆိုင်ရာအာမခံချက်များ ဖော်ပြနိုင်ကြောင်း၊ ပုဒ်မ(၄၃)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဟုပါရှိကြောင်းနှင့် စားသုံးသူများအနေဖြင့် ကုန်အညွှန်းအမှတ်အသား မပါဝင်သောကုန်ပစ္စည်းများနှင့် သက်တမ်းလွန်ကုန်ပစ္စည်းများအား ဝယ်ယူစားသုံးခြင်းမပြုရန် အကြံပြုပြောကြားလိုပါကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့်ပတ်သတ်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက မိမိတို့စားသုံးသူရေးရာဦးစီးဌာန Website, Application ,CICC Center စစ်တွေမြို့၏ ဖုန်းနံပါတ်(၀၉-၄၂၁၇၁၃၂၃၁)သို့ တိုက်ရိုက်တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)