Main menu

ရခိုင်ပြည်နယ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချခြင်း

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အသစ်ခန့်အပ်ထားသောဝန်ထမ်းများ၊ လက်ရှိဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊စားသုံးသူကာကွယ်ရေးဆိုင်ရာများအားသိရှိစေရန် ၊ ဦးစီးဌာန၏ မျှော်မှန်းချက်(Vision)၊ ရည်မှန်းချက် (Mission) များကို အောင်မြင်စွာ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးတွင် (၂၁-၉-၂၀၂၃) ရက်နေ့ မှ (၂၂-၉-၂၀၂၃) ရက်နေ့အထိ (၂/၂၀၂၃) ကြိမ်မြောက် စားသုံးသူကာကွယ်ရေးဆိုင်ရာသင်တန်းအား ဖွင့်လှစ်ပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။

   အဆိုပါ သင်တန်းတွင် ရခိုင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နှင်းယုထွန်း (ဦးစီးအရာရှိ)က စားသုံးသူရေးရာဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် များ၊ဌာန၏သမိုင်းအကျဉ်း၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့် နည်းဥပဒေပြဌာန်းဆောင်ရွက်ထားရှိမှု၊ စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုများ ၊ စားသုံးသူကာကွယ်ရေး  ကော်မရှင်နှင့် စားသုံးသူရေးရာကော်မတီ ဖွဲ့စည်းခြင်း ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် စာသုံးသူသတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှု၊ စားသုံးသူနစ်နာ ဆုံးရှုံးမှုနှင့်ပတ်သက်၍တိုင်ကြားနိုင်သူများ၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ၊တိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်းပုံအဆင့်ဆင့်စသည့် စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများအား Power Point ဖြင့် အသေးစိတ်ပြောကြားခဲ့ပြီး၊ သင်တန်းသား/သူများက သိရှိလိုသည်များအား နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးဌာနခွဲအသီးသီးမှ သင်တန်းသား/သူ(၁၀) ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းအပြီးတွင် ရခိုင်ပြည်နယ်ဦးစီးမှူး ဦးတင်ဇော်ထွန်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ရခိုင်)