စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ခွဲဝေချထားသည့် စားအုန်းဆီများအား ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကြီးကြပ်၍ စားအုန်းဆီ များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခြင်းကို စားအုန်းဆီကုန်သည်များနှင့် ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများသို့ ရောင်းချပေးလျက်ရှိရာ ၂၀၂၃-ခုနှစ် စက်တင်ဘာလ(၂၆)ရက်နေ့ နံနက်(၈)နာရီမှစ၍ ကသာမြို့၊ ရွှေအိုးကြီးဆီဆိုင်တွင် သက်သာသောနှုန်းထားဖြင့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ထပ်မံရောင်းချပေးခဲ့သည်။
ခရိုင်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် (၂၄.၉.၂၀၂၃)ရက်နေ့တွင် ကသာခရိုင်၊ မြို့နယ်နိုင်ငံ့ဝန်ထမ်းများအား ဝန်ထမ်းတစ်ဦးလျှင် တစ်ပိဿာနှုန်း (၅၇၂၀)ကျပ်ဖြင့် (၅၅၀)ပိဿာကို ပထမအကြိမ် ရောင်းချပေးခဲ့ပြီး (၂၆.၉.၂၀၂၃)ရက်နေ့တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ(၂၈)ဌာနအား တစ်ပိဿာလျှင် (၅၅၂၀)ကျပ်နှုန်းဖြင့် (၄၄၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စားအုန်းဆီခွဲတမ်းရရှိမှုအပေါ်မူတည်၍ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ခရိုင်အတွင်းမြို့နယ်များဖြစ်သည့် အင်းတော်မြို့နယ်၊ ထီးချိုင့်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်များတွင်လည်း စားအုန်းဆီများအား သက်သာသောနှုန်းထားဖြင့် ဖြန့်ဖြူးရောင်းချပေးရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)