Main menu

ကန့်ဘလူခရိုင်၏ (၉/၂၀၂၃)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံ ဆောင်ရွက်မှု အခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် ဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့်အတိုင်း ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအား လစဉ်ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

        ကွင်းဆင်းဆောင်ရွက်မှုအနေဖြင့် (၁၃.၉.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့ ၊ အမှတ်(၃)ရပ် ကွက်ရှိ “ကျွန်းတောမိသားစု(၂)” ဆီစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း၊ (၂၄.၈.၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့၊  သစ်ရာမြိုင်ရပ်ကွက်ရှိ “ရွှေတောင်တန်း”ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်တို့ကို ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ရာ စားသုံးသူပြည်သူ(၃)ဦးတို့အား စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင် ၏တာဝန်များကို  သိရှိနားလည်ထားရန် အရေးကြီးကြောင်း၊ မိမိတို့ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီထည့်သွင်းဖော်ပြရမည်ဖြစ် ကြောင်း၊ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ လေ့လာသိရှိလိုပါက  ဌာန၏ Facebook Page နှင့် Consumer Call Center No. 1535 သို့ ရုံးဖွင့်ရက်တိုင်း ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)