Main menu

(၉/၂၀၂၃)လအတွင်း ကန့်ဘလူခရိုင်၏ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးအနေဖြင့် “ထုတ်ကုန်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက” ဆိုသည့်အတိုင်း ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ကုန်စည်များကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ်အသားများကို ညွှန်ကြားချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ သက်ဆိုင်ရာဌာန များနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို လစဉ်ဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စက်တင်ဘာလအတွင်း စားသုံးသူရေးရာဦးစီး ဌာနမှဦးဆောင်၍ (၆.၉.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်း(၄)ဆိုင်သို့လည်းကောင်း၊ (၇.၉.၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့ ပိတောက်မြိုင်ရပ်ကွက်ရှိ ဆေးနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်(၁)သို့လည်းကောင်း၊ (၁၃.၉.၂၀၂၃) ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၁)ဆိုင်သို့လည်းကောင်း၊ (၁၄.၉.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ မြို့မဈေးရှိ ကုန်စုံဆိုင်(၁)ဆိုင်သို့လည်းကောင်း၊ (၁၈.၉.၂၀၂၃)ရက်နေ့တွင် ကျွန်းလှမြို့ ၊သစ်ရာမြိုင်ရပ်ကွက်ရှိ ကုန်စုံဆိုင်(၁)ဆိုင်သို့လည်းကောင်း၊ (၁၉.၉.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စက်သုံးဆီအရောင်းဆိုင်(၁)ဆိုင်သို့လည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စုစုပေါင်း(၅)ကြိမ်နှင့် အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ပြီး  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(စစ်ကိုင်း)