Main menu

ကန့်ဘလူခရိုင်ဦးစီးမှူးရုံး၏ စက်တင်ဘာလအတွင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရေးအတွက် စားသုံးသူအသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        စားသုံးသူအသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ရပ်ကွက်များ ၊ ကျေးရွာများ၊ ဈေးများနှင့်စက်ရုံအလုပ်ရုံတို့တွင် ဆောင်ရွက် လျက်ရှိသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း စားသုံးသူအသိပညာပေး ဟောပြောပွဲများကို (၉.၉.၂၀၂၃) ရက်နေ့တွင် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ အင်းကောင်းကျေးရွာရှိ “အ.လ.က” ကျောင်းရှိ ဆရာ/ဆရာမနှင့်ကျောင်းသား/သူ(၄၂၉)ဦးကိုလည်းကောင်း၊ (၁၄.၉.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့နယ်သမဝါယမဦးစီးဌာနရှိဝန်ထမ်း(၇)ဦးနှင့် (၂၀.၉.၂၀၂၃)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၁)(အ.လ.က)ခွဲကျောင်းရှိ ဆရာ/ဆရာမနှင့်ကျောင်းသား/သူ (၁၅၃)ဦးကိုလည်းကောင်း စုစုပေါင်း စားသုံးသူ(၅၈၉)ဦးတို့ကို စားသုံးသူအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ရာ တာဝန်ရှိ သူများမှ စားသုံးသူအခွင့်အရေး(၈)ချက်ကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ အွန်လိုင်းစနစ်ဖြင့် ဝယ်ယူသုံးစွဲခြင်း နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာအသိပညာများကိုလည်းကောင်း စားသုံးသူရေးရာနှင့်သက်ဆိုင်သည့်အကြောင်းအရာများ ၊ အသိပညာဗဟုသုတများကို နေ့စဉ်ဖြန့်ဝေပေးလျက်ရှိသည့် ဌာန၏ Website ၊ Facebook Page နှင့် Consumer Call Center No.1535 စသည်တို့ကို ဝင်ရောက်ကြည့်ရှု၊ ခေါ်ဆို၍လေ့လာနိုင်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)