ချင်းပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၈/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၃ခုနှစ်၊ ပြည်နယ်စားသုံးသူရေးရာကော်မတီ (၇/၂၀၂၃) အစည်းအဝေး၏ ဆုံးဖြတ်ချက်များပေါ် သက်ဆိုင်ရာကော်မတီဝင်များအနေဖြင့် ဈေးကွက်အတွင်းသို့ သက်ဆိုင်ရာဌာနများက တရားမဝင်ကုန်စည်အဖြစ်ကြေညာထားသည့် ကုန်ပစ္စည်းများ ဈေး ကွက်အတွင်းသို့ ဝင်ရောက်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းလွန်ကုန်စည်များ ရှိ/မရှိ စစ်ဆေးခြင်း စသည့်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူကာကွယ် ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရပ်မိရပ်ဖများ အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ စားသုံးသူပြည် သူအားလုံးအတွက် ပိုမိုကောင်းမွန်သော ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ အခက်အခဲများ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြရာ စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
DOCA(ချင်း)