စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်းနှင့် ဝန်ထမ်းများသည်(22.၉.၂၀၂၃)နေ့ နံနက်(09:00)နာရီအချိန်တွင် မင်းဘူးမြို့နယ် အတွင်းရောင်းချနေသော စက်သုံးဆီအရောင်းဆိုင်များအနက်မှ မင်းဘူးစကုလမ်းပေါ်ရှိ ဦးအေးလွင် ဆီဆိုင်၊ Special Pump ဆီဆိုင်နှင့် စွယ်တော်ဆီဆိုင်တို့အား သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြင့် တင်ရောင်းချမှုရှိ/မရှိ၊ အချင်အတွယ်မှန်ကန်မှုရှိ/မရှိနှင့် LED ဆိုင်းပုဒ်များတပ်ဆင် ထားခြင်း ရှိ/မရှိတို့ကို အထူးဈေးကွက်စောင့်ကြည့်သည့်အနေဖြင့် ရှောင်တခင်ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဦးအေးလွင်ဆီဆိုင်၊ Special Pump ဆီဆိုင်နှင့် စွယ်တော် ဆီဆိုင်များမှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန် ထားသော ရည်ညွှန်းဈေးအတိုင်းရောင်းချနေသည်ကို စိစစ်တွေ့ရှိရပါသည်။ LED ဆိုင်းပုဒ်များတပ်ဆင် ထားပြီး အလေးချိန်အချင်အတွယ်များလည်းမှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ (၂၂.၉.၂၀၂၃)ရက် နေ့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများမှာ (92)(၁)လီတာလျှင် ကျပ်(၂၃၃၅)၊ (95)(၁)လီတာ လျှင် ကျပ်(၂၄၄၀)၊ ဒီဇယ်ရိုးရိုး(၁)လီတာလျှင် ကျပ်(၂၅၉၅)၊ Premium (၁)လီတာလျှင် ကျပ်(၂၆၇၅) ဈေးနှုန်းဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်း ကွင်းဆင်းလေ့လာသိရှိရပါသည်။
DOCA(မကွေး)