မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၇.၉.၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့ပေါ်ရှိ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် ချောင်းဆုံမြို့နယ် အမှတ် (၂) မြို့မဈေး၌ စားဆီများရောင်းချ လျက်ရှိသည့် စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင် ရောင်းချသော စားဆီများမှာ သန့်ရှင်းမှု ရှိ/မရှိ၊ ဓာတုပစ္စည်းများ၊ အနံ့များ ရောနှောပါဝင်မှု ရှိ/မရှိ၊ အခြားဆီများနှင့်ရောစပ်ရောင်းချမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား ကျန်းမာရေးနှင့်ညီညွတ်မှုရှိသော စားဆီများ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော စားဆီများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော စားဆီများ ကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)