မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ၊ချောင်းဆုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၇.၉.၂၀၂၃) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မုဒုံမြို့နှင့်ချောင်းဆုံမြို့နယ်ပေါ်ရှိ စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် မုဒုံမြို့နယ် မြို့မ (၁)၊ မြို့မ (၄) ရပ်ကွက်များနှင့် ချောင်းဆုံမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ စားဆီများရောင်းချလျက်ရှိသည့် စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင် ရောင်းချသော စားဆီများမှာ သန့်ရှင်းမှု ရှိ/မရှိ၊ ဓာတုပစ္စည်းများ၊ အနံ့များ ရောနှောပါဝင်မှု ရှိ/မရှိ၊ အခြားဆီများနှင့်ရောစပ်ရောင်းချမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား ကျန်းမာရေးနှင့်ညီညွတ်မှုရှိသော စားဆီများ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော စားဆီများ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော စားဆီများကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)