Main menu

မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ကလေးအာဟာရ ဖြည့်စွက်စာများ ရောင်းချမှု ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံရုံးမှ ဒေါ်ဇင်မာသန်းသည် (၂၆.၉.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မြို့နယ်ထွေ/အုပ်၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ အိမ်မဲမြို့ရှိ ဆေးဆိုင်များအား ကလေးအာဟာရ ဖြည့်စွက်စာများ ရောင်းချမှုအား နယ်မြေဈေးကွက် စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက ဆေးဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါ ဥပဒေပြဌာန်းချက်များမှ ဥပဒေအခန်း(၁၈) ပုဒ်မခွဲ (ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များ၊ လိုက်နာဆောင်ရွက်ကြရန်၊ ကလေးအာဟာရ ဖြည့်စွက်စာ အမျိုးမျိုးနှင့်စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ထားသိုသိမ်းဆည်းမှု အညွှန်းအတိုင်းထားသိုရောင်းချကြရန် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့် ရက်စွဲများ ကိုလည်းစစ်ဆေးရောင်းချကြရန်နှင့် အစားအသောက်ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ကြရန် ဆေးဆိုင်ပိုင်ရှင်များအား အသိပညာပေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA( ဧရာဝတီ)