စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးဇင်မင်း ကိုကို(ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၄-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဘားအံမြို့နယ် ဈေးကွက်အတွင်း၌ မျောက်ဝံတံဆိပ် အချဉ်ရည်ထုပ် Chili Sauce နှင့် ညွှန့်ညွှန့်တံဆိပ် ဆေးမန်း ကျည်းထုတ်များ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မျောက်ဝံတံဆိပ် အချဉ်ရည်ထုပ် Chili Sauce နှင့် ညွှန့်ညွှန့် တံဆိပ် ဆေးမန်းကျည်းထုပ်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ စစ်ဆေးချက်အရ Benzoic acid – 1084.20 mg/ kg ပါဝင်မှုသည် သတ်မှတ်ပမာဏထက် ကျော်လွန် ကြောင်း စစ်ဆေးတွေ့ရှိရသောကြောင့် ကွင်းဆင်းစစ်ဆေးဖြစ်ပြီး အဆိုပါ ညွှန့်ညွှန့်တံဆိပ် ဆေးမန်း ကျည်းထုပ်များ ဘားအံမြို့နယ် ဈေးကွက်အတွင်းသို့ စစ်ဆေးခဲ့ရာ ရောင်းချနေမှု မရှိပါကြောင်းနှင့် မျောက်ဝံတံဆိပ် အချဉ်ရည်ထုပ် Chili Sauce များကို ဈေးကွက်အတွင်း ရောင်းချနေသည်ကို စစ်ဆေးသိမ်းဆည်းခဲ့ပြီး သိမ်းဆည်းရမိသော မျောက်ဝံတံဆိပ် အချဉ်ရည်ထုပ် စုစုပေါင်း (၆၅) ထုပ်၊ တစ်ထုပ်လျှင် (၅၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေ (၃၂၅၀၀) ကျပ်အား မိတ်ဖက်ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကရင်)