ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာ(၁၈)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ဘိုကလေးမြို့ ရွှေမင်းပူတင်းပေါင်မုန့်လုပ်ငန်းရှိ ဝန်ထမ်း(၆)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းချ ရန်နှင့် ထုတ်လုပ်သောကုန်စည်နှင့်ပတ်သက်၍ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များထည့်သွင်း ရောင်းချကြရန်နှင့် ကုန်စည်အရေအသွေးပြည့်စုံစွာ ထုတ်လုပ်နိုင်ရေးကို အထူးဦးစားပေးရမည် ဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုသုံးစွဲခြင်းကြောင့် စားသုံးသူများ နစ်နာမှုရှိလာပါက တိုင်ကြားနိုင်ကြောင်းနှင့် Call Center 1535 မှလည်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာ ပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA( ဧရာဝတီ)