Main menu

Best Fly သောက်ရေသန့် စက်ရုံလုပ်ငန်းရှင် နှင့် သွားရောက်တွေ့ဆုံခြင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်      ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံစီးပွားတိုးတက်စေရန် မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ဒေသတွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရေသန့်စက်ရုံထုတ်လုပ်သည့် MSMES စီးပွားရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

     ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့-စစ်တွေ-ရန်ကုန်ကားလမ်းရှိ အမှတ်(၂၂၆)၊     (၅)ရပ်ကွက်၊ ဦးသစ်လွင် ရေသန့်လုပ်ငန်းမှ ထုတ်လုပ်သော Best Fly အမှတ်တံဆိပ်ပါ သောက်ရေသန့် အမ်းမြို့နယ်တာဝန်ခံ ဦးမောင်ကျော်မြင့် (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများက သွားရောက်၍ ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့ပါသည်။   ထိုသို့    ဆွေးနွေးရာတွင်   ဦးစွာ  စားသုံးသူကာကွယ်ရေး ဥပဒေပါ   စီးပွားရေးလုပ်ငန်းရှင်များ၏  တာဝန်များကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်းမိမိတို့ထုတ်ကုန်များကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကုန်ပစ္စည်းများထုတ်လုပ် ဖြန့်ဖြူးရောင်းချရာတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂/၂၀၁၉ အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သတ်၍ သိရှိရန်နှင့် သက်ဆိုင်ရာအစိုးရဌာနများ၏ ထောက်ခံချက်များ ရယူရန် လိုအပ်ကြောင်း၊ စက်ရုံပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ စက်ရုံလုပ်သားများ၏ တကိုယ်ရည် သန့်ရှင်းမှုရှိစေရေး၊ သောက်ရေသန့်ဗူးများသန့်ရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခဲ့ကြပြီး၊ စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။         

DOCA( ရခိုင်)