Main menu

ပွင့်ဖြူမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးရှိခြင်း

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အနီးကပ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့်  မင်းဘူးခရိုင် ဆီကုန်သည် ဆီလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍   ပွင့်ဖြူမြို့ပေါ်ရှိဒေသခံ အခြေခံလူတန်းစားများအား စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အပတ်စဉ်ထုတ်ပြန်ထားသော အခြေခံရည်ညွှန်းဈေးအပေါ်တွင် အမြတ် ၂% ထက်မပိုသောသက်သာသောဈေးဖြင့် စားအုန်းဆီများအား ပွင့်ဖြူမြို့ပေါ်ရှိအရှေ့ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ သက်တော်ရှည်ရပ်ကွက်ရှိပြည်သူများအားလည်းကောင်း၊ ပွင့်ဖြူမြို့ ပတ်ဝန်ကျင်းကျေးရွာများသို့လည်းကောင်း၊ စိုက်ပျိုရေးသိပ္ပံမှအဆောင်နေကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း လှည့်လည်၍ဈေးကားများဖြင့် (၅.၉.၂၀၂၃)ရက်နေ့မှ(၃၀.၉.၂၀၂၃)ရက်နေ့အထိ  စုစုပေါင်း စားအုန်းဆီ ပိဿာ(၁၃၇၅၀)အား ရောင်းချပေးခဲ့ပါသည်။

        ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားအုန်းဆီ ဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေး၊ စားအုန်းဆီဝယ်ယူရာ၌ စနစ်တကျ ရှိစေရန်အတွက် စားသုံးသူပြည်သူများအားတန်းစီစနစ်ဖြင့် ရောင်းချပေးခြင်းတို့ကို ကြီးကြပ်ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)