Main menu

ကယားပြည်နယ်၏ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိ လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေ

Powered by Drupal

   စာသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်နှင့်ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် သော်လည်းကောင်း၊ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍သိရှိစေရန်အတွက်သော်လည်းကောင်း၊ အခွင့်အရေးများနှင့်စပ်လျဉ်း၍ နစ်နာဆုံးရှုံးမှုများရှိပါက တောင်းဆိုရယူတတ်စေရန်ရည်ရွယ်၍ စားသုံးသူအသိပညာပေးဟောပြော ဆွေးနွေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည်ပြည့်ဝ စေရန် သင်တန်းများဖွင့်လှစ်ပို့ချခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် ပြည့်စုံစွာထည့်သွင်းဖော်ပြလာစေရေး စိစစ်ဆောင်ရွက်ပေးခြင်း၊ Online စနစ်ဖြင့် Talk Show များ ဆွေးနွေးဆောင်ရွက်ခြင်း၊ အငြင်းပွားမှုများ အရေးဆိုတိုင်တန်းလာပါက ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် စားသုံးသူရေးရာကော်မတီ အစည်းအဝေးများ ကျင်းပပြုလုပ်ခြင်း စသည့်လုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်တစ်ခုလုံးလွှမ်းခြုံနိုင်မှုရှိစေရေး  ဆောင်ရွက်လျက်ရှိရာ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ် မြို့ပေါ် ရပ်ကွက်များအတွင်းရှိ ဈေးများ၊ စာသင်ကျောင်းများ ၊ စတိုးဆိုင်၊ ကုန်စုံဆိုင်များ၊ လည်ပတ်လျက်ရှိသည့်ဆီစက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ စသည်တို့ထံသို့ သွားရောက်၍ အသိပညာပေးခြင်း၊ ဆွေးနွေးခြင်းများ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောက်ရွက်လျက်ရှိပါသည်။

     ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိကာလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကို အခြေခံပညာအထက်တန်းကျောင်းများတွင်(၄)ကြိမ် Online စနစ်ဖြင့် Talk Show (၁)ကြိမ်၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း(၄)ကြိမ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁၃)ကြိမ်၊ ကော်မတီအစည်းအဝေး(၁)ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ ကုန်အညွန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းရှင်(၁)ဦးမှ ကုန်စည်အမျိုးအစား(၂)မျိုးအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ညွှန်ကြားချက်ပါ အချက်အလက်များနှင့်ကိုက်ညီမှုရှိကြောင်း အတည်ပြုပြန်ကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သည်ဖြစ်၍ သက်ဆိုင်ရာ အစိုးရဌာန၊ အသင်းအဖွဲ့၊ လုပ်ငန်းရှင်များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရွေးချယ်ဝယ်ယူသုံးစွဲတတ်လာပြီး၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ကျင့်ဝတ်၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အရည်အသွေးပြည့်မီပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီသောကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူး တင်သွင်းရောင်းချပါက ဒေသတွင်း စီးပွားရေး ပိုမိုတိုးတက်လာဖြစ်ပြီး ဈေးကွက်ဝေစုများပိုမိုရရှိကာ ဌာန၏ရည်မှန်းချက်၊ မျှော်မှန်းချက်မှာလည်း ပိုမိုအောင်မြင်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ကယား)