စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးတင့်ထူး နှင့် မစဖ အဖွဲ့ဝင်များ ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင် အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် တို့ပူးပေါင်းကာ (၄.၁၀.၂၀၂၃) ရက်နေ့ နံနက်(၀၇:၀၀)နာရီအချိန်မှ (၀၈:၃၀)အချိန်ထိ သစ်ရာမြိုင်ရပ်ကွက်၊ သစ်ရာမြိုင်ဈေး တွင် စားအုန်းဆီများကို စားသုံးသူပြည်သူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါစားအုံးဆီများရောင်းချရာတွင် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် စားအုံးဆီများဝယ်ယူရရှိစေရန်နှင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် စားအုန်းဆီ (၁)ပိသာလျှင် (၅၂၀၀)ကျပ် နှုန်း၊ အိမ်ထောင်စု (၁)စုလျှင် စားအုံးဆီ(၅၀)ကျပ်သားနှုန်းဖြင့် အိမ်ထောင်စု(၃၀၀) ၊ လူဦးရေ(၃၀၀)ဦးတို့အား စားအုံးဆီ(၁၅၀)ပိသာရောင်းချပေးခဲ့ကြောင်း စားအုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော စားအုံးဆီ တစ်ပိသာ ရည်ညွှန်းဈေးဖြင့် ရရှိသည့် အပေါ် မူတည်၍ ဆက်လက်ရောင်းချပေးနိုင်ရေးအတွက် ကန့်ဘလူခရိုင်ဆီကုန်သည်များနှင့် ပူးပေါင်းစီမံဆောင် ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ ပြောကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)