(၉-၁၀-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံး၌ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးသည် ကရင်ပြည်နယ်အတွင်း စားအုန်းဆီဖြန့်ဖြူး ရောင်းချမှုစနစ်ကျ မှန်ကန်မှုရှိစေရေး ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့်စားသုံးဆီလုပ်ငန်း ရှင်များအသင်းမှ အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ကရင်ပြည်နယ်အတွင်း စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် စနစ်တကျရှိစေရေး၊ ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးကွက် အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့အတွက် ဝန်ကြီးဌာန၊ ရုံးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့တို့မှ လမ်းညွှန်ချက်များအား ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ပေးရသည့် လုပ်ငန်းစဉ်ကို ရှင်းလင်းဆွေးနွေးကာ ကရင်ပြည်နယ်စားသုံးဆီ ကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဖြိုးဇော်ထွန်းက ကရင်ပြည်နယ်အတွင်း စားအုန်းဆီရောက်ရှိမှု၊ ဖြန့်ဖြူးမှုအခြေအနေများကို ပြန်လည်ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ဆွေးနွေးချက်များအပေါ် စားသုံးရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် စားသုံးဆီ အသင်းမှ အသင်းဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဦးစီးမှူးက နိဂုံးချုပ် စကားပြောကြားကာ ဆွေးနွေးပွဲကို ညနေ (၁၆:၀၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း စားအုန်းဆီဈေးနှုန်းတည်ငြိမ်စေရေးနှင့်ပြည်သူများ ဖြစ်သင့်ဖြစ်ထိုက် သည့်ဈေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရေးအတွက်နိုင်ငံတော်မှရည်ညွှန်းဈေးထုတ်ပြန်ပေးသော စားအုန်းဆီများကို ကရင်ပြည်နယ်ဆီအသင်းမှ သတ်မှတ်ချက်အတိုင်း ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းနှင့် (၉-၄-၂၀၂၂)ရက်နေ့မှ(၈-၁၀-၂၀၂၃)ရက်နေ့ထိ ပြည်နယ်အတွင်းစုစုပေါင်း ပိဿာချိန်(၃၂၃၈၄၀)အား ရည်ညွှန်းဈေးသတ်မှတ်ချက်အတိုင်း ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ကြောင်းနှင့် ယခုအခါတွင် ဘားအံမြို့ပေါ်နှင့် ရွှေဂွန်း၊ လှိုင်းဘွဲ့၊ ထီလုံမြို့များရှိ အရောင်းဆိုင် (၁၉)ဆိုင်မှ စားသုံးသူပြည်သူများထံသို့ အထိုင်စနစ်ဖြင့် တိုက်ရိုက်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ကရင်)