Main menu

ကျိုက်လတ်မြို့နယ် မြို့မဈေးရှိကုန်စုံဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်သားဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်( ၅.၁၀.၂၀၂၃ )ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် မြို့မဈေး  ဈေးတာဝန်ခံရုံး၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

   အဆိုပါဟောပြောပွဲသို့ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင် လုပ်ငန်းရှင်(၁၂)ဦးတက်ရောက်ခဲ့ပြီး မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ တားမြစ်ချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံမှု ကုန်စည်ပေါ်တာဝန်ရှိမှု ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိသည့်ကုန်စည်များကို  ရောင်းဝယ်မှုပြုလုပ်ကြရန် ဟောပြောဆွေးနွေးခြင်းနှင့် စည်ပင်သာယာရေးအဖွဲ့ဈေးတာဝန်ခံမှ စည်ပင်သာယာရေး ဥပဒေအကြောင်း      သိကောင်းစရာများဟောပြောဆွေးနွေးခဲ့ကြပါသည်။

DOCA(ဧရာဝတီ)