Main menu

ကျိုက်လတ်မြို့နယ် ထင်းအစားထိုးစပါးခွံလောင်စာတောင့်လုပ်ငန်းသို့ ကွင်းဆင်းစိစစ်လေ့လာခြင်း

Powered by Drupal

     ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့်    ဝန်ထမ်းတို့သည် (၄.၁၀.၂၀၂၃)ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်တွင် ကျိုက်လတ်မြို့နယ် ဗိုလ်ချုပ်လမ်း(၅)ရပ်ကွက်ရှိ Myanmar Biomass Power လောင်စာတောင့်လုပ်ငန်းသို့ သွားရောက်၍ SMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

   ကွင်းဆင်းစိစစ်ခဲ့ကြရာတွင် စပါးကြိတ်ခွဲရာမှာ ထွက်ရှိလာသော စပါးခွံများအား စပါးခွံ့လောင်စာတောင့်အဖြစ် တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိပြီး ဈေးကွက်ဖော်ဆောင် ရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ တစ်နေ့ထုတ်လုပ်နိုင်မှုစွမ်းအားမှာ (၁၅)မှ( ၂၀)တန်ကြားဖြစ်ပြီး ဒေသတွင်းနှင့် အခြားတိုင်းဒေသမြို့ကြီးများသို့ 1kgလျှင် (၁၃၀၀)ကျပ်ရောင်းချရပြီး လုပ်သားဦးရေ(၁၀)ဖြင့် နေ့/ည ထုတ်လုပ်လည်ပတ်လျက်ရှိပါကြောင်း ကွင်းဆင်းစိစစ်ဆေးလေ့လာမှုအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)