Main menu

ဖျာပုံမြို့နယ် မီးသတ်ဦးစီးဌာနရှိ မီးသတ်ဝန်ထမ်းနှင့်မိသားစုများအား ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသိပညာပေးခြင်း

Powered by Drupal

    ဖျာပုံမြို့ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မီးသတ်ဦးစီးဌာနရှိဝန်ထမ်းနှင့် မိသားစု(၈၀)ဦးအား  အောက်တိုဘာလ(၃)ရက်နေ့၊  နံနက်(၁၀)နာရီအချိန်၌ ဖျာပုံခရိုင် ၊ မီးသတ်သင်တန်းကျောင်းတွင်  မိမိတို့ဝယ်ယူသုံးစွဲသော ကုန်စည် (သို့) ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်များတွင် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်စည်ဝယ်ယူအသုံးပြုရန် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်၊ သတ်မှတ်ချက်များရိုးရှင်းမှန်ကန်သော သတင်းအချက်များရယူကာ လုံခြုံစိတ်ချရမှုရှိမှသာ ဝယ်ယူသုံးစွဲရေး၊ စားသုံးသူနစ်နာမှုများဖြစ်ပေါ်ပါက စားသုံးသူရေးရာဦးစီးဌာနနှင့် website များသို့ တိုင်ကြားနိုင်ကြောင်း၊ Online Shopping ကိစ္စရပ်များအား အသိပညာပေး ဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)