ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၄.၁၀.၂၀၂၃)ရက်နေ့ ၊နေ့လယ်(၁၃:၀၀)နာရီက ဝါးခယ်မမြို့နယ် မြို့မဈေးတာဝန်ခံရုံးတွင် ကုန်ဈေးနှုန်းကျဆင်းစေရေး ရည်ရွယ်၍ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များ၊ ကုန်မျိုးစုံဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဦးစွာရှင်းလင်းပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးဆီရောင်းချလျှက်ရှိသော လုပ်ငန်းရှင်များအား ၁/၂၀၂၂ ပါ ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးဆီများဈေးမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်ကြရန် ဟောပြောဆွေးနွေးခဲ့ပါသည်၊။ဟောပြောပွဲသို့ လုပ်ငန်းရှင်(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)