Main menu

ချောင်းဆုံမြို့နယ်တွင် ငွေကြေးဝန်ဆောင်မှုနှင့်အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

Powered by Drupal

    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှိ လူထုအခြေပြုဗဟိုခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန တို့ပူးပေါင်း၍ ၆.၁၀.၂၀၂၃ ရက်နေ့တွင် ငွေကြေးဝန်ဆောင်မှုနှင့်အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       ဆွေးနွေးပွဲတွင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဝင်းဝင်းချောက Talk Show အစီအစဉ်ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ အငယ်တန်းစာရေး  ဒေါ်ယွန်းမီမီဖူးဝေက  စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ငွေကြေးဝန်ဆောင်မှုနှင့်ပတ်သက်၍ သတိထားရမည့်အချက်များ၊ Online Shopping ရောင်းချခြင်းနှင့်ပတ်သက်သည့်အကြောင်းအရာများနှင့် စားသုံးသူနစ်နာမှုအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)