Main menu

မကွေးမြို့၊ မြို့မစျေး၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး Campaign နှင့် စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မကွေးတိုင်းအတွင်းရှိ စျေးများ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှု လျော့ချရေး Campaign အား ဆောင်ရွက်လျက်ရှိရာ (၉.၁၀.၂၀၂၃) ရက်နေ့ နံနက် (၀၈:၃၀)အချိန်တွင် မကွေးမြို့၊ မြို့မစျေး၌ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

          ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စျေးတာဝန်ခံ (စည်ပင်သာယာရေးအဖွဲ့)တို့ပူးပေါင်းပြီး မကွေးမြို့၊ မြို့မစျေး၌ စားသုံးဆီရောင်းချနေသည့်ဆိုင်များ အား စားသုံးဆီအတုများ ပြုလုပ်သိုလှောင်ဖြန့်ဖြူးရောင်းချမှုရှိ/မရှိနှင့် စားသုံးဆီအတု ပြုလုပ်ရာ၌ မြေပဲဆီ/ နှမ်းဆီအနံ့များရရှိစေရန် ရောစပ်သောဓါတုကုန်ကြမ်းပစ္စည်းများ ရောင်းချဖြန့်ဖြူးနေခြင်း ရှိ/မရှိတို့အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)