ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းက ဦးစီး၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာတွင် ၂၀၂၃ ခု ၊ အောက်တိုဘာလ (၈) ရက် နေ့၊ နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။
ယင်းသို့ ရောင်းချရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးလှမောင်အေး (ဒု-ဦးစီးမှူး) ဦးဆောင်၍ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဒေသခံပြည်သူများအား စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီတစ်ပိဿာလျှင် (ကျပ် ၅၂၀၀) နှုန်းနှင့် အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ယိုးငူကျေးရွာရှိပြည်သူများအား စားအုန်းဆီ ပိဿာ (၅၅၀) ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပြီး၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများ စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းက ယခုလအတွင်း စားအုန်းဆီ (၂၇၅၀) ပိဿာကို ရောင်းချပေးရန် လျာထားပြီး ယနေ့ထိ စားအုန်းဆီ (၁၁၀၀) ပိဿာကို ရောင်းချပြီးဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရခိုင်)