Main menu

ဆိပ်ဖြူမြို့နယ်၌ ပြည်သူများအားသက်သာသောဈေးနှုန်းဖြင့် (တတိယ)အကြိမ်မြောက် စားအုန်းဆီများ ရောင်းချလျက်ရှိ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဒေါ်တင်မာရီတို့သည် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဆိပ်ဖြူမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအား စားအုန်းဆီများကို သက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ စားအုန်းဆီများရောင်းချရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီမှ ထုတ်ပြန်ပေးလျက်ရှိသော ရည်ညွှန်းဈေးအပေါ် အခြေခံ၍ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။

   ဆိပ်ဖြူမြို့နယ်အတွင်း (တတိယ)အကြိမ်မြောက် စားအုန်းဆီများကိုရောင်းချရာ (၃.၁၀.၂၀၂၃) ရက်နေ့တွင် ဌာနဆိုင်ရာဝန်ထမ်းအိမ်ထောင်စု(၇၀၀)စုနှင့် အနောက်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စု (၆၀၀)စုအတွက် စားအုန်းဆီပိဿာ(၁၃၀၀)ပိဿာ၊ (၄.၁၀.၂၀၂၃)ရက်နေ့တွင် ဌာနဆိုင်ရာဝန်ထမ်း အိမ်ထောင်စု(၇၀၀)စုနှင့် ကိုးထောင့်ကျေးရွာအုပ်စု၊ ကိုးထောင့်၊ တောင်ငယ်လုံး၊ သံဇလုံ၊ ရေလယ် ကျွန်းကျေးရွာရှိ အိမ်ထောင်စု(၆၅၀)စုအတွက် စားအုန်းဆီပိဿာ(၁၃၅၀)ပိဿာအား နေ့စဉ်နံနက် (၀၈:၀၀)နာရီနှင့် နေ့လယ်(၁၃:၀၀)နာရီတို့တွင် ဆီတစ်ပိဿာလျှင် ကျပ်(၅၀၀၀)ဈေးနှုန်းဖြင့် စားသုံး သူပြည်သူများကို အလှည့်ကျတန်းစီစနစ်ဖြင့် ရောင်းချပေးနေမှုအခြေအနေကို ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

DOCA(မကွေး)