Main menu

မြို့သစ်မြို့၊ မြေခြားကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာပေးဆွေးနွေး

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြေခြားကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ (၆.၁၀.၂၀၂၃)ရက်နေ့ ၊နေ့လယ် (၁၅:၀၀)အချိန်တွင် စားသောက်ကုန်များ၌ ပါဝင်ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

      ထိုသို့ အသိပညာပေးဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်း ချက်၊ ယခုဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြရမည့်အချက်(၈)ချက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်ရှင်းလင်းပြီး ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှသာလျှင် သုံးစွဲစေလိုကြောင်း၊ မိမိတို့သည် ယခုလို စားသုံးသူမိဘပြည်သူများကိုအသိပေးခြင်းသာမက လုပ်ငန်းရှင်များထံသို့ ကုန်အညွှန်းအမှတ်အသားများတွင်ထည့်သွင်းရမည့်အချက်များ ပြည့်စုံစွာပါဝင်နိုင်ရေးအတွက်လည်း ဌာနမှသွားရောက် ဆွေးနွေးအသိပညာပေးလျက်ရှိပါကြောင်း၊ သို့မှသာကုန်ပစ္စည်းများတွင် ထည့်သွင်းရမည့်အချက်များပါဝင်လာပြီး စားသုံးသူများအတွက် လုံခြုံစိတ်ချရသည့်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး စားသုံးသူ မိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာစားသုံးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)