မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၉.၁၀.၂၀၂၃)ရက်နေ့ နံနက် (၀၉:၀၀)အချိန်တွင် ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါနှင့် ဒု-ဦးစီးမှူး ဒေါ်ခင်ချိုချိုဝင်းတို့က “ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာန အကြီးတန်းစာရေး ဒေါ်ချယ်ရီခိုင်က “အားကစားနှင့်လူငယ်ရေးရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံဒေါ်မြတ်မြတ်မိုးက “ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါဝင်သည့်ပစ္စည်းများအား ဝယ်ယူသုံးစွဲတတ်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်ညိမ်းညိမ်းအေးက “ပလတ်စတစ်လျော့ချရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီးတက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(မကွေး)