Main menu

သရက်မြို့ ထုံးတောင်အုပ်စုရှိ စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များ ရောင်းချပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင် ဦးစီးမှူး ဦးအုန်းမြင့်ဦးဆောင်သောဝန်ထမ်းများသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ အစီအမံဖြင့် (၇.၁၀.၂၀၂၃)နေ့ ၊နံနက်(၀၈:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သရက်မြို့ ဆန်ကုန်သည်နှင့် ဆန်စက်ပိုင်ရှင်များပူးပေါင်း၍ သရက်မြို့နယ်၊ ထုံးတောင်အုပ်စုဝါရုံရပ်ကွက် ဈေးလေးဓမ္မာရုံ၌ ဧည့်မထဆန်(၁)ပြည်လျှင် ကျပ်(၂၅၀၀)နှုန်းဖြင့် အိမ်ထောင်စု(၂၇၀)အား ရောင်းချပေးခဲ့ရာ သွားရောက်ပူးပေါင်း‌၍ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးနေမှုမှာ သရက်မြို့နယ်အတွင်း (၅)ကြိမ် မြောက် ရောင်းချပေးမှုဖြစ်ပြီး ဆန်(၁၄၃၆)ပြည်ရောင်းချပြီးစီးပါကြောင်းနှင့်  နောက်အပတ်စဉ်များတွင် ကျန်ရှိနေသေးသည့် သရက်မြို့အတွင်းရှိ ရပ်ကွက်များကိုလည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

DOCA(မကွေး)