ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကော့မှူးမြို့နယ် တာဝန်ခံ ဦးတင်မင်းသည် ကော့မှူးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေး (အတွင်း/အပြင်)ရှိ စားအုန်းဆီအရောင်းဆိုင်များနှင့် မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်းမှ ရောင်းချခွင့်ပေးထားသည့် လက်လီ၊ လက်ကားရောင်းချလျက်ရှိသော စားအုန်းဆီဆိုင်များကို အောက်တိုဘာလ (၁၀)ရက်၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေး (အတွင်း/အပြင်) ရှိ စားအုန်းဆီရောင်းချနေသည့်ဆိုင်များ၊ မြန်မာနိုင်ငံဆီကုန်သည်များအသင်းမှ ရောင်းချခွင့် ပေးထား သည့် စားအုန်းဆီကိုယ်စားလှယ်(၈)ဦးမှ ရောင်းချနေသော စားအုန်းဆီလက်ကား ဖြန့်ဖြူးပေး နေသော ဆိုင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁)ဦး၊ လူဝင်မှုကြီးကြပ်ရေး အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ၊ ဈေးတာဝန်ခံ နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် သတင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်ကိုယ်စားလှယ်များပါဝင်သော ပူးပေါင်းအဖွဲ့က စားအုန်းဆီ ရောင်းချနေမှုအခြေအနေများ၊ စားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ ရန်ကုန်အထိုင်၊ အခြေခံလက်ကား ရည်ညွှန်းဈေးသယ်ယူစရိတ်ပါ (၂)ရာခိုင်နှုန်း အမြတ်ယူပြီး မိမိတို့မြို့နယ်အတွင်း လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချပေးနေမှုနှင့် စားအုန်းဆီ ဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့က ကုမ္ပဏီအလိုက်ရောင်းချပေးမည့် လက်လီ၊ လက်ကားဆိုင်များစာရင်းကို ထုတ်ပြန်ကြေညာ ပေးလျက်ရှိကြောင်း ကုန်အမှတ်တံဆိပ်ခွဲခြားရောင်းချမှုရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
DOCA(ရန်ကုန်)