စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်(၁၀.၁၀.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများသို့ ရောင်းချနေသောစားသုံးဆီများတွင် စားသုံးဆီအတုများပြုလုပ်၍ ရောင်းချသော စားသုံးဆီအတုပြုလုပ်သည့် ဓါတုပစ္စည်းများရောင်းချမှုမရှိစေရေး၊ အခြင်အတွယ် မှန်ကန်မှုရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန်ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ စားအုန်းဆီများ ဈေးကွက်အတွင်းပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် စားသုံးဆီရောင်းချဖြန့်ဖြူးနေသော လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့် စီးပွားရေး လုပ်ငန်းရှင်နှင့်ပတ်သက်သည့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း စသည့်အချက်အလက်များအား ပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူပြည်သူများသို့ရောင်းချပေးရာတွင် အချိန် အတွယ်မှန်ကန်မှုရှိစေရေး၊ ကုန်စည်၏ဝန်ဆောင်မှုနှင့်စပ်လျဥ်း၍ အာမခံချက်ပေးခြင်းစသည့် အချက်များကိုလည်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)