Main menu

ပြည်ဒေသထုတ်ကုန်များဖြင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့အနေဖြင့် ဒေသထုတ်ကုန် အစားအစာများစွာရှိသည့်အနက် ပြည်ထမင်းသုတ် နှင့် ပြည်ကော်ရည်ခေါက်ဆွဲသည် လူသိများ၍ အကြိုက်များသော အစားအစာဖြစ်ပါသည်။ ပြည်ထမင်းသုတ်နှင့် ပြည်ကော်ရည်ခေါက်ဆွဲကို ဒေသတွင်း စားသုံးသူများက ဝယ်ယူစားသုံးခြင်းဖြင့်သာမကဘဲ အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ဒေသထုတ်ကုန် အရောင်းပြခန်းများကို ဖွင့်လှစ်၍ ရောင်းချစေခဲ့ပါသည်။ ထိုသို့ ဒေသထုတ်ကုန်အစားအစာများအား ရောင်းချခြင်းကြောင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများအနေဖြင့် ဈေးကွက်ပိုမိုရရှိစေရန်၊ စီးပွားရေး လုပ်ငန်းရှင်များအား အစုအဖွဲ့ဖြင့် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းမှား ပိုမိုတွင်ကျယ်လာစေခြင်း၊ မိသားစုဝင်ငွေ တိုးပွားလာစေခြင်း၊ ဒေသထုတ်ကုန်အပေါ် အခြေခံ၍ အလုပ်အကိုင် အခွင့် အလမ်းများ ပိုမိုရရှိစေခြင်း၊ ဒေသအတွင်း စားရေးရိက္ခာဖူလှုံစေခြင်းနှင့် ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုစေခြင်း စသည့်တို့ကိုရည်ရွယ်၍ ဒေသထုတ်ကုန် အရောင်းပြခန်းများဖွင့်လှစ် ရောင်းချစေခြင်းဖြစ်ပါသည်။ ထိုမှတစ်ဆင့် လူသိများပြီး တစ်နိုင်ငံလုံးသာမက တစ်ဆင့်မြှင့် ထုတ်ကုန်အဖြစ် ထပ်မံဖြည့်ဆည်း၍ ထုတ်လုပ်လာနိုင်မည်ဆိုပါက ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချနိုင်မှာဘဲဖြစ်ပါသည်။

       နိုင်ငံတော်အစိုးရမှ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်းရှင်များအား အရင်းအနှီးများပြားစွာရရှိနိုင်လျှင် လုပ်ငန်းများ ပိုမိုတိုးချဲ့ ထုတ်လုပ်လာနိုင်စေရန်ရည်ရွယ်၍ နိုင်ငံစီးပွားရန်ပုံငွေမှ ချေးငွေများထုတ်ချေးလျက်ရှိရာ ပြည်ခရိုင်အနေဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင် (၂၆)ဦးတို့အား ချေးငွေများထုတ်ချေးထားပြီးဖြစ်ပါသည်။ ထိုချေးငွေများအပေါ် အသုံးချမှု၊ အကျိုးအမြတ်ရရှိမှုနှင့် အားနည်းချက်၊ အားသာချက်များကိုလည်းအပေါ် လုပ်ငန်းအတွက်တိုးတက်မှုရှိပြီး တိုးချဲ့၍ ထုတ်လုပ်နိုင်ပြီး အမြတ်အစွန်းများစွာရရှိစေရန်ဖြစ်ပါသည်။ ထို့မှသာနိုင်ငံတွင် အသေးစား၊ အငယ်စား၊ အလတ်စား  MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။

      ပြည်ဒေသထုတ်ကုန်အစားအစာများထဲမှ မစန်းလေး ပြည်ထမင်းသုတ်ကိုလူသိများပြီး ဒေသတွင်း စားသုံးသူများသလို ထုပ်ပိုးမှု အဆင့်မြှင့်စွာဖြင့် တာရှည်အထားခံနိုင်မည်ဆိုလျှင် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မှာဖြစ်ပါသည်။ ထမင်းသုတ် တစ်ထုပ်လျှင် တစ်ခါစား အထုပ်ကလေးများပါဝင်ပြီး ပဲမှုန့်၊ ဆီချက်၊ ငံပြာရည်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ကြော် စသည့်အထုပ်ကလေးများစွာ ပါရှိပါသည်။ ထိုပစ္စည်းများထဲတွင် ကြက်သွန်ကြော်တစ်ခုသာ ကြာရှည်အထားမခံသဖြင့် ကြာရှည်အထားခံနိုင်စေရန်ပြုလုပ်လာနိုင်မည်ဆိုပါက ပြည်တွင်း သာမက နိုင်ငံခြားသို့ပါ တင်ပို့ရောင်းချနိုင်မည်ဖြစ်ပါသည်။ ပြည်ဈေးကွက်တွင် ရောင်းချသော မစန်းလေး ထမင်းသုတ်မှာ တစ်ခါစားအထုပ်လေး (၃)ထုပ်ပါတစ်ဘူးလျှင် ၃၀၀၀ကျပ်ဖြင့် ရောင်းချကြောင်းသိရပါသည်။ ထို့အတူနောက်ထပ်ထုတ်ကုန် တစ်မျိုးဖြစ်သော ပြည်ကော်ရည် ခေါက်ဆွဲကိုလည်း အသင့်စားအထုတ်များထုတ်၍ ရောင်းချလျှက်ရှိပါသည်။ ထိုအသင့်စား အထုတ်တစ်ထုတ်လျှင် လူ ၅ ယောက်စားနိုင်ပြီး ၄၅၀၀ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ထိုကော်ရည်လုပ်ငန်းသည် ပြည်လက်ဆောင်အဖြစ် ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ ထုတ်လုပ် ထားသည်ဟု သိရပါသည်။ ပြည်ဒေသထုတ်ကုန်ဖြစ်သော ကော်ရည်ခေါက်ဆွဲကိုလည်း လူအကြိုက် များပြီး အခြားမြို့များသို့ တင်ပို့ပြီးရောင်းချနိုင်လျှင် လုပ်ငန်းရှင်အတွက် အကျိုးအမြတ် များနိုင် မည်ဖြစ်ပါသည်။  

   ထို့ကြောင့် ပြည်ခရိုင်အတွင်းရှိ နောက်ထပ်ဒေသထုတ်ကုန်များ များပြားစွာထုတ်လုပ်လာနိုင်မည်ဆိုပါက အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာနိုင်မှာဖြစ်ပါသည်။

DOCA(ပဲခူး)