Main menu

ထားဝယ်မြို့ကမ်းနားပျံကျစျေးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၊ ၁၇ ရက်နေ့ ၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ကမ်းနားပျံကျစျေးအတွင်းရှိ စားသောက်ကုန်အရောင်းဆိုင်များနှင့် အလှကုန်ပစ္စည်းအမျိုမျိုး အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ သည်။

    အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း မှတ်ပုံတင်ထားခြင်းမရှိသည့် အလှကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိသော စားသောက်ကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများကိုသာရောင်းချမှုရှိ/မရှိ ၊ သက်တမ်းလွန် စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)